Eng | မြန်မာ
တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ Food Startup Booster Program – Kitchen Hub

တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ Food Startup Booster Program

သင့်မှာ ကိုယ်ပိုင်စားသောက်ကုန် ထုတ်လုပ်ဖို့အတွက် စိတ်ကူးသစ်များ ရှိသလား❓
🔍 Food Startup Booster Program မှဈေးကွက်အသင့်ဖြစ်တဲ့ စားသောက်ကုန်များအဖြစ်ကို ပြောင်းလဲပေးဖို့အတွက် အခြေခံအစားအသောက်ပြုလုပ်နည်းရှိပြီးသားအစားအသောက် ထုတ်လုပ်ဖို့ စိတ်ကူးရှိတဲ့ စားသောက်ကုန်ထုတ်လုပ်သူများကို ရှာဖွေနေပါတယ် 🔍
ဒါဆို ဈေးကွက်အသင့်ဖြစ်တဲ့ စားသောက်ကုန်ဖြစ်အောင် Food Startup Booster Program ကဘယ်လိုလုပ်ဆောင်မလဲ❓
🚀သင့်ရဲ့ ရှိပြီးသားအစားအသောက်ပြုလုပ်နည်းကို အသင့်ထုတ်လုပ်နိုင်မဲ့ ထုတ်ကုန်ဖြစ်အောင် အကူအညီများနှင့် အတူတကွလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
🚀စားသောက်ကုန် နည်းပညာရှင်ရဲ့ အကူအညီများနဲ့ သင်ထုတ်လုပ်မဲ့ စားသောက်ကုန်ကို စမ်းသပ်ထုတ်လုပ်နိုင်မဲ့နေရာမှာ အခမဲ့စမ်းသပ်ထုတ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
🚀သင့်စားသောက်ကုန်လုပ်ငန်းသစ်အတွက်လိုအပ်မဲ့ စိတ်ကူးထုတ်ခြင်း၊ စီးပွားရေးပုံစံငယ် ဖန်တီးခြင်း၊ ငွေကြေးစီမံချက်ရေးဆွဲခြင်းတို့အတွက် အခမဲ့သင်တန်းများ ရရှိမှာဖြစ်ပါတယ်။
🚀ဒါ့အပြင် သင့်ရဲ့ထုတ်ကုန်ကို ပြင်ပဈေးကွက်သာမက အွန်လိုင်းဈေးကွက်အတွင်းသို့ ထိုးဖောက်မဲ့ နည်းလမ်းများလည်းလေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒီပရိုဂရမ်ကို လျှောက်ထားဖို့အတွက် ဘာတွေလိုအပ်မလဲ❓
🔍စားသောက်ကုန်စိတ်ကူးသစ်ရှိပြီးသားဖြစ်ပြီးတော့ အိမ်မှာပဲ အစမ်းထုတ်လုပ်ထားတဲ့ စားသောက်ကုန်များ ရှိရပါမယ်။
🔍ဒီပရိုဂရမ်ကို တောင်ကြီးမြို့တွင် ပြုလုပ်သွားမည်ဖြစ်သောကြောင့် တောင်ကြီးမြို့တွင် လူချင်းတွေ့၍ပြုလုပ်သွားမည် ၅ရက်တာသင်တန်းကို တက်ရောက်နိုင်မှသာ လျှောက်ထားကြရန် တိုက်တွန်းပါတယ်။ (တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်တွင် နေထိုင်သောသူများဆိုလျှင် အဆင်ပြေပါသည်။)
🔍ပရိုဂရမ်ကိုအဆုံးထိတက်ရောက်နိုင်ပြီး လှုပ်ရှားမှုများမှာ ပါဝင်နိုင်သူဖြစ်ရပါမယ်။
🔍ဆန်းသစ်ပြီး ကွဲပြားတဲ့ထုတ်ကုန်စိတ်ကူးရှိမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။
ဒီပရိုဂရမ်က ဘယ်လိုပြုလုပ်သွားမလဲ? ဘယ်လောက်ကြာမလဲ❓
ဒီပရိုဂရမ်မှာ အပိုင်း(၂) ပိုင်းပါပြီးတော့ စုစုပေါင်း (၁၁) ရက်တာကြာမြင့်သွားမှာဖြစ်ပါတယ်။ ပရိုဂရမ်ပထမပိုင်းမှာ စီးပွားရေးနဲ့ပက်သက်တဲ့ စိတ်ကူးထုတ်ခြင်း၊ စီးပွားရေးပုံစံငယ်ရေးဆွဲခြင်း၊ ငွေကြေးစီမံချက်ရေးဆွဲခြင်း နဲ့ ဈေးကွက်ထိုးဖောက်ခြင်းအစရှိတဲ့ စီးပွားရေးနဲ့ ပက်သက်တဲ့ အကြောင်းအရာများကို အွန်လိုင်း အစည်းအဝေးများနဲ့ လေ့လာရမှာဖြစ်ပါတယ်။ ပရိုဂရမ်ဒုတိယပိုင်းကိုတော့ တောင်ကြီးမြို့တွင် လူချင်းတွေ့ဆုံပြီး ထုတ်ကုန်တိုးတက်မှုနဲ့ ပက်သက်တဲ့အကြောင်းအရာများကို သင်တန်းများပေးသွားမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်စားသောက်ကုန် ထုတ်လုပ်ဖို့စိတ်ကူးသစ်ရှိတယ်ဆိုရင် လျှောက်ထားလိုက်ပါတော့နော်။
💡ဒီပရိုဂရမ်ကို လျှောက်ထားဖို့ စိတ်ဝင်စားတယ်ဆိုရင် https://bit.ly/FoodStartupBoosterProgram ကို ဒီဇင်ဘာလ (၃) ရက်နေ့၊ သောကြာနေ့၊ ၂၀၂၁ နောက်ဆုံးထားပြီး လျှောက်ထားလိုက်တော့နော်။