Eng | မြန်မာ
Kitchen Hub

Kitchen Hub ၏
ဝန်ဆောင်မှုများ

separator

Kitchen Hub သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နိုင်သည့် အသေးစား စက်ရုံတစ်ခုဖြစ်သည်။ Kitchen Hub တွင် co-working space၊ စားသောက်ကုန် ထုတ်လုပ်ရောင်းချမှု နယ်ပယ်နှင့် သက်ဆိုင်သော သင်တန်းများ၊ အဆင့်မှီကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွက် အစားအစာဓာတ်ခွဲခန်းနှင့် အသေးစား စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုစက်ရုံစသည့် ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

food-lab-icon

Food Lab

သင့်၏ ချက်ပြုတ်နည်းများနှင့် ဖော်မြူလာများကို ကျွန်ုပ်တို့၏ အိမ်တွင်းထုတ်လုပ်မှု စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာရှင်၏ အကူအညီဖြင့် စမ်းသပ်ထုတ်လုပ်နိုင်ပြီး ပိုမို တိုးတက်လာအောင် ဆောင်ရွက်နိုင်ပါသည်။

small-batch-icon

အသေးစားစားသောက်ကုန်ပစ္စည်း
ထုတ်လုပ်ပေးခြင်း

Kitchen Hub မှ စားသောက်ကုန် ပစ္စည်းကို အစမှအဆုံးထိ ထုတ်လုပ် ပေးနိုင်သော စက်ပစ္စည်းများကို အသုံးပြု၍ သင်၏ စားသောက်ကုန် ထုတ်လုပ်မှုကို နည်းလမ်းပေါင်း ၁၃ ခု ဖြင့် စမ်းသပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

Training

Co-working & Event Space

ကျွန်ုပ်တို့၏ networking platforms နှင့် သင်တန်းများမှ တစ်ဆင့် စားသောက်ကုန် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်မိကြပြီး ပိုမို ကောင်းမွန်သော စားသောက်ကုန်များကို အတူတကွ ပူးပေါင်း၍ ထုတ်လုပ်လာနိုင်မည် ဖြစ်သည်။

Agro-Processing Solution

separator

ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးတွင် အလားအလာရှိသော ဒေသတစ်ခုဖြစ်သည်။ သို့သော် လက်ရှိ အချိန်တွင် သင့်လျော်သော သယ်ယူပို့ဆောင်ရေးစနစ်နှင့် တန်ဖိုးမြှင့်တင်ထားခြင်း မရှိခြင်းသည့် ကုန်ပစ္စည်းများအတွက် ရောင်းလိုအားနှင့် ဝယ်လိုအားကို ချိတ်ဆက်ရန် ခက်ခဲစေသည်။ ရိတ်သိမ်း ရာသီတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းမှာ အနည်းဆုံးဖြစ်ပြီး စျေးကွက်သို့ တင်ပို့ရန် ပင်မဖြစ်နိုင်သဖြင့် ထွက်ကုန်များများစွာဆုံးရှုံးရသည်။ ထို့အပြင် ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေး ထုတ်ကုန်များ၏ ထပ်တိုးတန်ဖိုးကို တိုးမြှင့်နိုင်သည့် ဒေသခံကုမ္ပဏီများ မရှိသည့်အတွက် ကုန်ပစ္စည်း တန်ဖိုးမြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အလားအလာမျိုး မရှိခဲ့ပါ။

ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် Kitchen Hub သည် စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာ လုံခြုံစိတ်ချ ရမှုဆိုင်ရာ ဗဟုသုတများကို ရှမ်းပြည်နယ်ရှိ ဒေသခံအသိုင်းအဝိုင်းအား အရည်အသွေးမြင့် တန်ဖိုးမြင့်အစားအစာထုတ်ကုန်များထုတ်လုပ်ရန် လိုအပ်သည့်အရင်းအမြစ်များအား ထောက်ပံ့ပေးခြင်း အားဖြင့် အသိပညာများ ပေးသွားမည်ဖြစ်သည်။

solution

ထုတ်ကုန်များသည်အောက်ပါစံနှုန်းများနှင့်ကိုက်ညီမှုရှိရမည်။

၀၁

အမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများ

၀၂

သွင်းကုန်အစားထိုးထုတ်ကုန်များ

၀၃

Food Safety အသိအမှတ်ပြုလက်မှတ်ရှိခြင်း

၀၄

အရည်အသွေးမှီ ထုတ်ပိုးခြင်း

Kitchen Hub သည် "စီးပွာရေးစွမ်းဆောင်ရှင်များအား ပံ့ပိုးပေးခြင်း" အစီအစဉ် ပြုလုပ်ပေးခြင်း အားဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ လုပ်ငန်းငယ်များနှင့် အိမ်တွင်းစီးပွားရေးလုပ်ငန်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ရန် နည်းလမ်းများ အကြံဥာဏ် ပေးခြင်းစသည်တို့ကို ပံ့ပိုးကူညီပေးပါသည်။

Incubation-icon

Incubation Program

separator

ကျွန်ုပ်တို့၏ incubation program တွင် စွန့်ဦးတီထွင် စားသောက်ကုန် လုပ်ငန်းရှင်တို့၏ အတွေးအခေါ်များ၊ ရိုးရှင်းသော ထုတ်လုပ်မှုနည်းလမ်းများကို စီးပွားရေးအတွေးအခေါ်အရ စျေးကွက်ထဲသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက် နိုင်သော ထုတ်ကုန်များအဖြစ်သို့ တိုးတက်စေရန် ရည်ရွယ်ထားပြီး ကုန်ပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပုံစံ စသည့် နှစ်မျိုးလုံးအား အထူးသင်ကြားပေးခြင်းဖြင့် ထောက်ပံ့ပေးမည့် အစီအစဥ်ဖြစ်သည်။

Accleration-icon

စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်

separator

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်သည် လက်ရှိ စျေးကွက်တွင် ရောင်းချနေသော စားသောက်ကုန်လုပ်ငန်းများကို ရည်ရွယ်ပြီး သူတို့၏ ထုတ်ကုန်နှင့် စီးပွားရေးပုံစံကို လိုအပ်သည့် လမ်းညွှန်မှုများနှင့် အရင်းအမြစ် များကို သင်ကြားပြီး ထောက်ပံ့ပေးသော အစီအစဥ်ဖြစ်သည်။

education

အားလပ်ရက်သင်တန်းများ

separator

စနေ၊ တနင်္ဂနွေအားလပ်ရက်သင်တန်းသည် အစားအစာထုတ်လုပ်မှု လုပ်ငန်းစဥ်နှင့် အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပါဝင်ပြီး စားသောက်ကုန်လုပ်ငန်း စတင် လုပ်ကိုင်နေသူများ သို့မဟုတ် လက်ရှိမိမိ၏ စားသောက်ကုန်များကို ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နေသူများအတွက် ဖြစ်သည်။

အခြားအစီအစဉ်များနှင့် အလုပ်ရုံဆွေးနွေးပွဲအစီအစဥ်များ

separator

Kitchen Hub တွင် အမျိုးမျိုးသော စားနပ်ရိက္ခာ ပြောင်းလဲခြင်းလုပ်ငန်းစဉ် သင်တန်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစားအစာ ဘေးကင်းလုံခြုံမှု လုပ်ထုံးလုပ်နည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ တတ်မြောက်မှု၊ စျေးကွက်ရှာဖွေခြင်းနှင့် မိမိကုန်အမှတ်တံဆိပ််ကို လူသိများစေရန်တိုးမြှင့်ခြင်းစသည့် စီးပွားရေး သင်တန်းများ ပေးခြင်းအားဖြင့် သက်ဆိုင်ရာနယ်ပယ်မှ အကျိုးခံစားခွင့်ရှိသူများအတွက် ရည်ရွယ်၍ ပြုလုပ်ပေးထားသော အစီအစဉ်များကိုလည်း အချိန်နှင့် တပြေးညီ စီစဥ်ပြုလုပ်ပေးလျက်ရှိပါသည်။

ထိုအစီအစဉ်များနှင့် အလုပ်ရုံဆွေးနွေးပွဲများမှ အောက်ပါရလဒ်များကိုရရှိရန်ရည်ရွယ်ထားပါသည်။

increase

ဝင်ငွေနည်းပါးသူများအတွက် လုပ်ငန်းဝင်ငွေနှင့် အိမ်ထောင်စုဝင်ငွေတိုးမြှင့်ခြင်း

phone

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကဏ္ဍ၌ စားသောက်ကုန်ဘေးကင်းလုံခြုံမှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်

foodpackage

သွင်းကုန်အစားထိုးမှု နှင့် ထုတ်ကုန်များတင်ပို့မှုအား မြှင့်တင်ခြင်း

No event found!

စျေးကွက်မဟာဗျူဟာစနစ်သို့ ဦးတည်ခြင်း

separator

ကုန်ပစ္စည်းအရည်အသွေးနှင့် အသိအမှတ်ပြု လက်မှတ်များ ရရှိနိုင်ရန် ကန့်သတ်ချက်များ ရှိသောကြောင့် စားသောက်ကုန်လုပ်ငန်းရှိ အိမ်တွင်းစီးပွားရေး လုပ်ငန်းရှင်များသည် စျေးကွက်သို့ ဝင်ရောက်နိုင်ရန်မှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထို့အတွက် Kitchen Hub သည် စားနပ်ရိက္ခာ စွန့်ဦးတီထွင် ထုတ်လုပ်သူများအတွက် စျေးကွက်ကို ကောင်းမွန်စွာ ထိုးဖောက်ဝင်ရောက်နိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ ပေးသွားမည်ဖြစ်သည်။

DEDICATED-SHELF

Dedicated Shelf

လက်လီအရောင်းဆိုင်များ၊ လက်ကားရောင်းသူများ၊ အထူးစျေးဆိုင်များနှင့် ပူးပေါင်း၍ Kitchen hub မှ စွန့်ဦးတီထွင်ရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ ထုတ်လုပ်ထားသော ထုတ်ကုန်များကို ပြသရန် အထူးပြုလုပ်ထားသည့် food-startup စင်တစ်မျိူးဖြစ်ပြီး အများအပြား မထုတ်လုပ်မီ စျေးကွက်ကို စမ်းသပ်ရန် ပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။

PRODUCT-PITCH

တင်ပြဆွေးနွေးမှုလုပ်ငန်းစဥ်များ

တင်ပြဆွေးနွေးခြင်းများသည် မိမိတို့၏ ကုန်ပစ္စည်းများနှင့် စီးပွားရေးပုံစံကို လက်လီအရောင်းဆိုင်များ၊ လက်ကားရောင်းသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စက်မှုလုပ်ငန်းကျွမ်းကျင်သူများ ရှေ့တွင် မိတ်ဆက် ပေးခြင်းအားဖြင့် စားနပ်ရိက္ခာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား အလားအလာရှိသော ဝယ်သူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်ကောင်းများ ရရှိနိုင်သည်။

COMMUNITY-EVENT

Community Event

ကျွန်တော်တို့ Kitchen Hub ၏ လစဉ်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲများသည် စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ရည်ရွယ်၍ အတွေ့အကြုံ ရင့်ကျက်သော ဟောပြောသူများ၏ ဆွေးနွေး အကြံပေးမှုများနှင့် တခြား တက်ရောက် ဆွေးနွေးသူများနှင့်လည်း အဆက်အသွယ်ကောင်းများ ရရှိစေရန် စီစဥ်ပြုလုပ်ပေးထားခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများသည် တန်ဖိုးမြှင့် စားသောက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းနည်းပညာများ၊ အစားအစာ ဘေးကင်းလုံခြုံမှု၊ နောက်ဆုံးပေါ် အစားအစာ တီထွင်မှုများအပြင် ဝယ်ယူစားသုံးသူများနှင့် သက်ဆိုင်သော အကြောင်းအရာများကို အခြေခံ၍ ဆွေးနွေးသွားမည်ဖြစ်သည်။

Our Partners

separator
Impact Hub Yangon