မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကောင်းမွန်သော နိုင်ငံဖြစ်သည့် အလျောက် စိုက်ပျိုးရေးသည် နိုင်ငံ၏ ကျောရိုးတစ်ခုလည်း ဖြစ်သည်။ စိုက်ပျိုးရေးနယ်ပယ်သည် နှစ်စဥ် နိုင်ငံဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းအား ပံ့ပိုးပေးနေသည့်အပြင် ပြည်ပတင်သွင်းမှုတွင်လည်း ၂၅ မှ ၃၀ ရာခိုင်နှုန်း အတွင်း နှစ်စဥ်ရရှိပြီး နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း အလုပ်သမားအင်အားရှိသည့် နယ်ပယ်တစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးတွင် အလားအလာရှိသော ဒေသတစ်ခုဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သင့်လျော်သော သယ်ယူပို့ဆောင်ရေးစနစ်နှင့် တန်ဖိုးမြှင့်တင်ထားခြင်း မရှိခြင်းသည့် ကုန်ပစ္စည်းများအတွက် ရောင်းလိုအားနှင့် ဝယ်လိုအားကို ချိတ်ဆက်ရန် ခက်ခဲစေသည်။ ရိတ်သိမ်းရာသီတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းမှာ အနည်းဆုံးဖြစ်ပြီး စျေးကွက်သို့ တင်ပို့ရန်ပင် မဖြစ်နိုင်သဖြင့် ထွက်ကုန်များ များစွာဆုံးရှုံးရသည်။ ထို့အပြင် ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေးထုတ်ကုန်များ၏ ထပ်တိုးတန်ဖိုးကို တိုးမြှင့်နိုင်သည့် ဒေသခံကုမ္ပဏီများ မရှိသည့်အတွက် ကုန်ပစ္စည်းတန်ဖိုးမြှင့်တင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အလားအလာမျိုး မရှိခဲ့ပါ။