ကျွန်ုပ်တို့၏ Incubation အစီအစဉ်သည် ထုတ်ကုန်အသစ်များ ဖန်တီးလိုသော အလားအလာရှိသည့် စားသောက်ကုန် လုပ်ငန်းရှင်များကို လေ့ကျင့်ပေးရန် ရည်ရွယ်သည်။ ဤ ၆ လတာ ကာလ အစီအစဉ်တွင် လိုအပ်သော အသိအမှတ်ပြု လက်မှတ်များ ရရှိစေရန် ကိုက်ညီမှု ရှိသော အသိပညာ လုပ်ထုံးလုပ်နည်းနှင့် စားသုံးသူစျေးကွက်သို့ ၀င်ရောက်ခြင်း စသည့် ကုန်ပစ္စည်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာ အထောက်အပံ့များ ပေးမည်ဖြစ်သည်။ ပါဝင်သူများအနေဖြင့်လည်း မိမိ၏ ထုတ်ကုန်များကို တိုးတက်ရန်နှင့် ထုတ်လုပ်ရန်အတွက် ကျွန်ုပ်တို့၏ Food Lab နှင့် အသေးစား ထုတ်လုပ်နိုင်သည့် နေရာကိုပါ အသုံးပြုခွင့်ရမည် ဖြစ်သည်။