Eng | မြန်မာ
Acceleration Program – Kitchen Hub

ပံ့ပိုးမှုအစီအစဉ်များ

လုပ်ငန်းများအရှိန်မြှင့်ခြင်းအစီအစဉ်

လုပ်ငန်းများအရှိန်မြှင့်ခြင်းအစီအစဉ်

separator

Kitchen Hub ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်သည် လက်ရှိ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် စားသောက်ကုန်နယ်ပယ်မှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်ရွယ်ထားပါသည်။ ၄င်းတို့၏ လက်ရှိ ထုတ်ကုန်တိုးတက်မှု၊ ထုပ်ပိုးမှုနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်တာများ၊ စီးပွားရေးနှင့် ဘဏ္ဍရေးပုံစံများကို ဤအစီအစဥ်၏ ၈ လတာ ကာလအတွင်း ပြန်လည် တည်ဆောက်ခြင်းဖြင့် ၄င်းတို့၏ ထုတ်ကုန်များကို တိုးတက်လာစေရန်အပြင် ဆန်းသစ်သော နည်းလမ်းသစ်များဖြင့် ပြန်လည် ထုတ်လုပ်လာနိုင်ရန် ဖြစ်သည်။ ပါဝင်သူတစ်ဦးချင်စီသည် လက်လီ ရောင်းချသူများ၊ လက်ကားရောင်းသူများနှင့် စျေးကွက်ချိတ်ဆက်နေစဉ်တွင်လည်း ၎င်းတို့၏ ကုန်ပစ္စည်းနှင့် စီးပွားရေးပုံစံကို တိုးတက်စေရန်အတွက် လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများကိုပါ ရရှိမည်ဖြစ်သည်။ ပါဝင်သူများသည် ၄င်းတို့၏ ထုတ်ကုန်များနှင့် ထုတ်လုပ်မှု နည်းလမ်းများကို တိုးတက်စေရန်နှင့် ဆန်းသစ်တီထွင်ရန် Kitchen Hub ၏ ဝန်ဆောင်မှုများနှင့် ပံ့ပိုးပေးမှုများကို ရရှိမည်ဖြစ်သည်။