Kitchen Hub ၏ ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ Food Lab ဝန်ဆောင်မှုသည် စားသောက်ကုန်လုပ်ငန်းရှင်များ အားချက်ပြုတ်နည်းအသစ်များသို့မဟုတ် အိမ်တွင်းချက်ပြုတ်နည်းများကို အစားအစာနည်းပညာရှင်၏ လမ်းညွှန်မှုဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ထုတ်လုပ်မှုလုပ်ငန်းစဥ်တွင် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

Food Lab
ကျွန်ုပ်တို့၏ Food Lab ဝန်ဆောင်မှုသည် စားသောက်ကုန် လုပ်ငန်းရှင်များအား ချက်ပြုတ်နည်း အသစ်များ သို့မဟုတ် အိမ်တွင်းချက်ပြုတ်နည်းများကို အစားအစာ နည်းပညာရှင်၏ လမ်းညွှန်မှုဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ထုတ်လုပ်မှုလုပ်ငန်းစဥ်တွင် ပိုမိုတိုးတက် ကောင်းမွန်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

အသေးစားစားသောက်ကုန်ပစ္စည်း ထုတ်လုပ်ပေးခြင်း
ကျွန်ုပ်တို့၏ ဘက်စုံထုတ်လုပ်နိုင်သည့် စက်ရုံ တွင်စားသောက်ကုန် လုပ်ငန်းရှင်များသည် မိမိတို့၏ အစားအသောက်ဆိုင်ရာ ထုတ်ကုန်များကို အသေးစား ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထုတ်လုပ်မှု နည်းလမ်းပေါင်း (၁၃)နည်းဖြင့် ထုတ်လုပ်နိုင်သည့် စက်ပစ္စည်း ကိရိယာများဖြင့် အကြော်များ (ဥပမာ-အာလူးကြော်) မှ သည် သန့်ရှင်းလတ်ဆက်သော သစ်သီးဖျော်ရည်များ အထိပါ ထုတ်လုပ်နိုင်သည်။ ထို့အပြင် ထုတ်လုပ်ထားသော ထုတ်ကုန်များကိုလည်း မတူညီသော ထုတ်ပိုးမှုကို စိတ်ကြိုက် ရွေးချယ်ထုတ်ပိုးနိုင်ပြီး စားသုံးသူစျေးကွက်သို့ မတင်သွင်းမှီ သင်၏ထုတ်ကုန်များကို ရိုးရှင်းသော အိတ်မှစ၍ စည်သွပ်ဗူးနှင့် ပုလင်းများအထိ စမ်းသပ် ထုတ်ပိုးနိုင်မည်ဖြစ်သည်။

Coworking and Event Space
စားသောက်ကုန် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွဲဖက်လုပ်ကိုင်ရန် နေရာနှင့် စိတ်တူသူများနှင့်အတူ မိမိတို့၏ အစားအစာထုတ်ကုန်များအတွက် စျေးကွက်ရှာဖွေရေး အစီအစဉ်များကိုလည်း သင်တန်းပေးသွားမည် ဖြစ်သည်။
Processing Lines at Kitchen Hub
