BEGIN:VCALENDAR
VERSION:2.0
METHOD:PUBLISH
CALSCALE:GREGORIAN
PRODID:-//WordPress - MECv5.7.0//EN
X-ORIGINAL-URL:https://kitchenhub.com.mm/
BEGIN:VEVENT
UID:MEC-d93ed5b6db83be78efb0d05ae420158e@kitchenhub.com.mm
DTSTART:20201024T140000Z
DTEND:20201024T160000Z
DTSTAMP:20201024T102400Z
CREATED:20201024
LAST-MODIFIED:20201024
SUMMARY:Consumer Behavior Trends of Food Industry After 2020
DESCRIPTION:Kitchen Hub မှ ပြုလုပ်မည့် “Consumer Behaviour Trends of Food Industry After 2020” ပါဝင် ဆွေးနွေးပေးမည့် အမျိုးသမီး Panelist ကတော့ ဒေါ်နေခြည်မြတ်ထွန်း ဖြစ်ပါတယ် 👏
ဒေါ်နေခြည်မြတ်ထွန်းသည် Power Maw Shan Co.,Ltd. ၏ မန်နေဂျင်းဒါရိုက်တာဦး ဖြစ်ပါသည်။ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ရူပဗေဒ အထူးပြု B.Sc ဘွဲ့နှင့် ဒဂုံတက္ကသိုလ်မှ အင်ဂျင်နီယာဘာသာရပ်ဖြင့် ရူပဗေဒ
အထူးပြု B.Sc ဘွဲ့တို့ကို ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(Myanmar Tea Association)၏ ဒုဥက္ကဋ္ဌ၊ လူငယ်လုပ်ငန်းရှင်များကွန်ယက်ဖွံ့ဖြိုးတိုးတက်မှုအသင်း (YEN-D Myanmar Association) ၏ Treasurer လည်းဖြစ်ပါသည်။
၁၉၈၅ ခုနှစ်တွင် မိဘများက Maw Shan ကုန်အမှတ်တံဆိပ်ဖြင့် မိရိုးဖလာ မိသားစုလုပ်ငန်းအားစတင်တည်ထောင်ခဲ့ပါသည်။ ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်ရည်မှန်းကာ၂၀၁၄ ခုနှစ်တွင် Power Maw Shan Co.,Ltd. အဖြစ် အဆင့်မြှင့်ပြောင်းစည်းခဲ့ပါသည်။
လက်ရှိတွင် ရန်ကုန်နှင့်ပင်းတယ (ရှမ်းပြည်နယ်တောင်ပိုင်း) တို့တွင် စက်ရုံများလည်ပတ် လျက်ရှိပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာ(၁၈)ရွာမှ တောင်သူ(၂၇၀)ဦး၏ စိုက်ခင်း(၁၄)ဧက တွင် Organic EU/USDA လက်မှတ်၈ ကုန်ထုတ်လုပ်ခြင်းတွင် ပြည်တွင်း ပြည်ပ FDA လက်မှတ်၊ ကုမ္ပဏီ၏
ဖွဲ့စည်းတည်ထောင်ခြင်းတွင် ISO 9001:2008 ၊ နိုင်ငံတကာအသိအမှတ်ပြု “Fair Trade – Fair For Life”
လက်မှတ် များရယူကာ “မောရှမ်း” နှင့် “ရှမ်းရှမ်း” လက်ဖက်ခြောက်၊ လက်ဖက်နှင့် ချင်းများအားစိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းပြည်ပ ဈေးကွက်များသို့တင်ပိဖြန့်ချိလျက်ရှိပါသည်။
၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာလက်ဖက်အား တီထွင်ဆန်းသစ်စွာဖြင့် သံလွင်သီးအရသာ လက်ဖက်၊ခရမ်းချဉ်သီးအရသာလက်ဖက်နှင့် သံပရိုသီးအရသာလက်ဖက်တို့ကို ထုတ်လုပ်နိုင်ခဲ့ပြီး “ငါးကြိမ်မြောက်
Myanmar Food Exhibition 2018” ၏ “Outstanding Quality Award” ကို ခရမ်းချဉ်သီးလက်ဖက်နှင့်ရွှေလက်ဖက်လုံး (Gold Tea)၊ နိုင်ငံတော်အသိအမှတ်ပြု “အလတ်စား စီးပွားရေးလုပ်ငန်း ဒုတိယဆု“၊City Mart Holding Co., Ltd ၏ “Growing Together With Local Community” Program တွင် Most Creative Display Award အင်္ဂလန်နိုင်ငံမှ “Great Taste Award” ကို မြန်မာ့ရိုးရာအရသာ ချဉ်ငံစပ်လက်ဖက်၊ခုနှစ်ထွေကြော်အကြော် ၊ ချင်းခြောက်တို့ဖြင့်ဆုများရရှိခဲ့ပါသည်။
ဤအွန်လိုင်းဆွေးနွေးပွဲတွင် ပြောင်းလဲလာသော ကုန်ပစ္စည်းဝယ်ယူမှုပုံစံများ၊ အွန်လိုင်းရောင်းချခြင်း၏ စိန်ခေါ်မှုများစသည့် ကဏ္ဍများကို အဓိကဆွေးနွေးသွားမည် ဖြစ်သည်။
KitchenHub event ၏ Online ဆွေးနွေးမှုများကို ပါဝင်ဖို့ရန် အတွက် အောက်ဖော်ပြပါ Link တွင် Register လုပ်ပေးပါ။
http://bit.ly/ConsumerBehaviorTRENDS
URL:https://kitchenhub.com.mm/events/consumer-behavior-trends-of-food-industry-after-2020/
ORGANIZER;CN=Kitchen Hub:MAILTO:info@kitchenhub.com.mm
ATTACH;FMTTYPE=image/png:https://kitchenhub.com.mm/wp-content/uploads/2020/10/Consumer.png
END:VEVENT
END:VCALENDAR